All blog

Latest Update 04/07/2022
၀တ်လို့အရမ်းကောင်းတဲ့ Oxford Shirt အကြောင်း

၀တ်လို့အရမ်းကောင်းတဲ့ Oxford Shirt အကြောင်း

  •  October 12, 2020

 

       

၀တ်လို့အရမ်းကောင်းတဲ့Oxford Shirt အကြောင်း



Oxford Shirt တွေကို စကော့တလန်မှာ ၁၉ ရာစုလောက်ကစတင်ပြီးထုတ်လုပ်ဝတ်ဆင်ခဲ့ကြပါတယ်။ Oxford Shirt ချုပ်လုပ် တဲ့ အသားဟာ အရည်အသွေးအရမ်းကောင်း တဲ့ ချည်သားနဲ့ယက်လုပ်ထား တာဖြစ်ပါတယ်။ အနီးကပ် ကြည့်လိုက်ရင်ပုံစံဖော်ထားသလိုPatternလေးတွေပါရှိပြီးအထိအတွေ့ကနူးညံ့မှူကိုခံစားရစေပါတယ်။ 

Oxford ချည်သားကို အနီးကပ်မြင်ရတဲ့ပုံစံဖြစ်ပါတယ်။
 
Oxford Shirt ဟာ လေဝင်လေထွက် အထူးကောင်းမွန်တဲ့ အပြင် အရည်အသွေးအထူးကောင်းမွန်စွာ ယက်လုပ် ထားတဲ့အတွက် အပူချိန်ကို အလွယ်တကူလျှော့ချပေး နိုင်ပြီး အေးမြမှုကိုခံစားရစေပါတယ်။ ဒီလို အသားမျိုးဟာဆိုရင် မြန်မာပြည်လို ပူတဲ့ရာသီ ဥတုနဲ့အထူးကို ကိုက်ညီပါတယ်။ ဒီလို အထူးကောင်းမွန်တဲ့ Oxford Shirts တွေကို ဘယ်နေရာမှာဖြစ်ဖြစ် နေရာစုံ ဝတ်ဆင်နိုင်တဲ့အတွက် စွယ်စုံရတဲ့ Shirt အင်္ကျီ   လို့တောင် ပြောလို့ရပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MK Lifestyle ကနေ Oxford Shirts တွေကို ဘယ်လို စတိုင်အမျိုးအမျိုး နဲ့ ဝတ်လို့ရတယ်ဆိုတာ ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
 

သမားရိုးကျ အလုပ်သွား၊ အလုပ်ပြန်ဝတ်စုံအနေနဲ့ ဝတ်ဆင်ကြမယ်

ပုံမှန်အတိုင်း သမား ရိုး ကျ ဝတ်ဆင်ရတာ နှစ်သက်တဲ့သူတွေအတွက် Oxford Shirts ကို Chino pants ၊ ဘောင်းဘီ အရှည် အရောင်ရင့်ရင့်လေးတွေနဲ့ တွဲပြီးဝတ်ဆင်လို့ရပါတယ်။ ဒါ့အပြင် Business Shoe တို့ ကုတ် အင်္ကျီ   ၊ ဆွယ်တာ  အင်္ကျီ   ၊ အင်္ကျီ လက်ရှည်တွေနဲ့ပါ တွဲဖက် ဝတ်ဆင်လိုက်မယ်ဆို ရင်တော့ အရမ်းလန်းပြီး စမတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှူအပြည့်ရှိတဲ့ စီးပွားရေး သမားတစ်ယောက်ပုံစံ ကိုရရှိစေမှာဖြစ်ပါတယ်။

သမားရိုးကျစီးပွားရေးသမားဆန်ဆန်ဝတ်ဆင်မှူပုံစံ
လင်းအောင်ခောတ်နှင့် ကျော်မင်းဦး တို့အား သမားရိုးကျစီးပွားရေးသမားဆန်ဆန်ဝတ်စုံနှင့်တွေ့မြင်ရပုံ

 

အလုပ်သွား၊ အလုပ်ပြန်ဝတ်စုံကို သမားရိုးကျပုံစံမှ အနည်းငယ်ပြောင်း၍ ဝတ်ဆင်ကြမယ်


သင့်အနေနဲ့ Oxford Shirt ကို ဂျင်းဘောင်းဘီအနက်နဲ့တွဲပြီးတော့ အင်္ကျီ  လက်ကိုခေါက်ဝတ်တာပဲဖြစ်ဖြစ်၊ မခေါက်ပဲဝတ်တာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်သလို ဝတ်ဆင်လို့ရပါတယ်။ အဖြူရောင် Sneaker လေးနဲ့ပါတွဲ ဖက်ဝတ်ဆင်လိုက်မယ် ဆိုရင်တော့ သန့်ပြန့်ပြီး စမတ်ကျတဲ့ အထက်တန်းလွှာ ပုံစံကို ရရှိစေမှာဖြစ်ပါ တယ်။

သန့်ပြန့်နေတဲ့ အထက်တန်းကျကျပုံစံ

 

စမတ်ကျကျနဲ့ သမားရိုးကျ ပုံစံဝတ်ဆင်ကြမယ်


အားလပ်ရက်တွေမှာလည်း Oxford Shirts ကို Chino pants နဲ့တွဲဖက်ပြီး စမတ်ကျကျဝတ်ဆင်လို့ရပါတယ်။ Chino Pants လေးကို ခေါက်ပြီး Low cut, Oxford, Slip-on ဒါမှမဟုတ် Boat shoes အစရှိတဲ့ ဖိနပ် တွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင်တော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ ပုံစံကို ရရှိစေမှာဖြစ်ပါတယ်။

 

ဘောင်းဘီတိုနဲ့လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်ကြမယ်။

ရုံးပိတ်ရက်တေ နဲ့ အနားယူတဲ့အချိန်တွေ မှာ Oxford Shirts ကို ဘောင်းဘီတိုနဲ့ တွဲဖက်ပြီး တော့ ပေါ့ပါးလွတ်လပ်စွာ ဝတ်ဆင်လို့ လည်းရပါတယ်။ Sneaker, ခြေညှပ်ဖိနပ်, ကွင်းထိုးဖိနပ် တွေနဲ့လည်း တွဲဖက်ပြီး ကြိုက်နှစ်သက်သလို ဝတ်ဆင်နိုင်ပါတယ်။

 

ခောတ်လူငယ်ပုံစံ ဝတ်ဆင်ကြမယ်

သင့်အနေနဲ့  Oxford Shirts တွေကို ခေတ်လူငယ်ပုံစံနဲ့လည်း ဝတ်ဆင်လို့ရပါတယ်။ ဘယ်လိုဝတ်ရမလဲဆို တော့ Oxford Shirts ကို Chino Pants ဒါမှမဟုတ် ဘောင်းဘီရှည်တို့ နဲ့တွဲဖက်ဝတ်ဆင်ပါ။ ဦးထုပ်၊ ကျောပိုးအိတ်စတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေပါ ပေါင်းစပ်ပြီး ဝတ်လိုက်မယ်ဆိုရင် တော့ သန့်ပြန့်ပြီး နှစ်သက်စရာကောင်းတဲ့ ကောင်မလေးတွေ လည်ပြန်ငေးစေမယ့် ခေတ်လူငယ် ပုံစံလေး ဖြစ်သွားပြီပေါ့ဗျာ။

ခေတ်လူငယ်ပုံစံ


Oxford Shirts တွေဟာ အမျိုးအစား များစွာ ရှိတဲ့အတွက် သင့်ရဲ့ ဘက်ဂျက်ပေါ်မူတည် ပြီး သင့်တော်တဲ့ Oxford Shirts တွေကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သင့်ရဲ့ဗီရိုထဲမှာ Oxford Shirts တစ်ထည်မှမရှိဘူးဆို ရင်တော့ အနည်းဆုံးတစ်ထည် လောက်တော့ ဝယ်ထားဖို့ အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ရှင်းပြခဲ့ သလိုပဲ ပုံစံမျိုးစုံ နဲ့ဝတ်လို့ ရတဲ့အတွက် သင့်အတွက် အရမ်းကိုအဆင်ပြေစေမယ့် Shirts အင်္ကျီ   လေး ဖြစ်လို့ပါပဲဗျာ။ သင့်ရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦးနော်။


Credit Photos: Ashleyweston.com, Favforward.com, Mix Myanmar

Author: Jack Incherdchai

             Sale and Marketing Director, MK Lifestyle Co.,Ltd