All blog

更新信息 13/08/2022
Timberland Yellow Boots ကိုဘယ်လိုအဝတ်အထည်တွေနဲ့ တွဲဖက်ပြီးတော့ စတိုင်ကျအောင်ဝတ်ဆင်ကြမလဲ

Timberland Yellow Boots ကိုဘယ်လိုအဝတ်အထည်တွေနဲ့ တွဲဖက်ပြီးတော့ စတိုင်ကျအောင်ဝတ်ဆင်ကြမလဲ

  •  October 9, 2020

Timberland Yellow Boots ကိုဘယ်လိုအဝတ်အထည်တွေနဲ့ တွဲဖက်ပြီးတော့ စတိုင်ကျအောင်ဝတ်ဆင်ကြမလဲ


Timberland Yellow Boots ဟာဆိုရင် အမျိုးသားတွေအတွက် ဘယ်တော့မှရိုးမသွားနိုင်တဲ့ အရေးပါတဲ့ဖိနပ်အမျိုးအ စားပဲဖြစ်ပါတယ်။ ကျွန်တော် အတွက်တော့ Yellow Boots ဟာဘယ်အဝတ်အထည် နဲ့ပဲ ဖြစ်ဖြစ်နေ့စဉ် စမတ်ကျကျဝတ်ဆင် လို့ရတဲ့ ဖိနပ်တစ်ရံပဲ ဖြစ်ပါတယ်။ Yellow Boots ရဲ့အရောင် ဖြစ်တဲ့ အဝါရောင် ဟာ ဆိုရင် Timberland ရဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုအဖြစ် လူသိများကြတဲ့အပြင် Yellow boots ဆိုတာနဲ့ ရေဆိုခံ ပြီးအကြမ်းခံတယ်ဆိုတဲ့ ကောင်းကျိုးတွေပါ တစ်ပါတည်း ရရှိနိုင်မှာဖြစ်ပါတယ်။အပြင်ပန်း ကြည့်မယ်ဆိုရင် တော့ Yellow Boots ဟာလေးလံပြီးတော့ အဝတ်အထည်တွေနဲ့ ဖက်ရှင်ကျအောင် တွဲဖက်ဝတ်ဆင် ဖို့ ခက်မယ် လို့ထင်ရနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MK Lifestyle ကနေ Yellow Boots ကို ဘယ်လိုအဝတ်အထည်တွေနဲ့ တွဲဖက်ပြီး စမတ်ကျကျ ဝတ်ဆင်လို့ရတယ်ဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
 
အရောင် : အဝါရောင်ထဲမှာမှ Wheat color ဆိုတဲ့ ထူးခြားတဲ့အရောင်ဖြစ်တဲ့ အတွက် ဂျင်း၊ ဒါမှမဟုတ် အနက်၊ နက်ပြာ၊ ခဲရောင် နဲ့ ပြောက်ကျား စသည်ဖြင့် ဘယ်ဘောင်းဘီ အရောင်နဲ့တွဲဝတ်ဝတ် လိုက်ဖက်စေမှာ ဖြစ်ပါတယ်။

စတိုင် : ဘယ်အရောင် နဲ့ပဲတွဲ ဝတ်ဝတ် လိုက်ဖက်တဲ့ Timberland Yellow Boots ကို ဘယ်လို ပုံစံနဲ့ လိုက်ဖက်အောင် ဝတ်ဆင်ကြမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။
 


Jacket နဲ့တွဲဖက်ဝတ်ဆင်ကြမယ်


Timberland Yellow Boots ကို Jacket ဒါမှမဟုတ် Hoodie တွေနဲ့ တွဲဖက် ဝတ်ဆင် လိုက် မယ်ဆိုရင်တော့ နာမည်ကြီး ဟောလီးဝုဒ် မင်းသားတစ်ယောက်လို အရမ်း စမတ်ကျသွားစေမှာဖြစ်ပါတယ်။ 

ဆွယ်တာလက်ရှည်နဲ့ တွဲဖက်ဝတ်ဆင်ကြမယ်


ဆောင်းတွင်း နဲ့ အေးတဲ့အချိန်တွေမှာ Timeberland Yellow Boots ကို ဆွယ်တာလက်ရှည် နဲ့တွဲဖက် ဝတ်ဆင်လိုက်မယ်ဆို ရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ခန့်ညားတဲ့ ပုံစံကို ရရှိစေမှာဖြစ်ပါတယ်။

တီရှပ် နဲ့ ဂျင်းဘောင်းဘီ (သို့)ဘောင်းဘီရှည် နဲ့ တွဲဖက်ဝတ်ဆင်ကြမယ်


Timberland Yellow Boots ကိုတီရှပ်/ဂျင်းဘောင်းဘီရှည်တွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ သင့် ရဲ့ စတိုင် ကို ရိုးရိုးရှင်းရှင်းနဲ့ အရမ်းလန်းသွားစေနိုင်တဲ့ ပုံစံကို ရရှိစေမှာဖြစ်ပါတယ်။

ဘောင်းဘီတို နဲ့ စတိုင်ကျအောင်ဝတ်ဆင်ကြမယ်


Yellow Boots ကို ဘောင်းဘီတိုနဲ့တွဲဖက် ပြီးတော့ တီရှပ် ဒါမှမဟုတ် ရှပ်အင်္ကျီတွေနဲ့ နွေရာသီ မှာပေါ့ပေါ့ပါးပါး ထသွားထလာဝတ်ဆင်တဲ့ပုံစံလည်း ဝတ်ဆင်လို့ရပါတယ်။

Jogger Pants တွေ နဲ့တွဲဖက်ဝတ်ဆင်ကြမယ်


Jogger Pants ဟာဆိုရင်တော့ခုအရမ်းခေတ်စားနေတဲ့ ခေတ်ရှေ့ပြေး ဘောင်းဘီ ပုံစံဖြစ်ပါတယ်။ ဒီ Jogger pants ကို Timberland Yellow Boots နဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ Gym မှာဖြစ်ဖြစ်၊ လမ်းမတွေပေါ်မှာပဲ ဖြစ်ဖြစ် လွတ်လပ်ပေါ့ပါး တဲ့ အားကစားသမားတစ်ယောက်လိုပုံစံမျိုး ရရှိစေမှာဖြစ်ပါတယ်။

ပြောက်ကျားဘောင်ဘီ ရှည်နဲ့ တွဲဖက်ဝတ်ဆင်ကြမယ်


ပြောက်ကျားဘောင်ဘီ ရှည်ကို Timberland Yellow Boots နဲ့တွဲဖက် ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အရမ်းကို စမတ်ကျသွားစေမှာဖြစ်ပါတယ်။ အပေါ်ကနေ တီရှပ်ဗြောင် နဲ့ Jacket နဲ့ပါဝတ်ဆင်လိုက်မယ် ဆိုရင်တော့ သင့်အတွက် အရမ်းလန်းတဲ့ နေ့တစ်နေ့ဖြစ်နေမှာသေချာပါတယ်။

ကိုရီးယား ပုံစံ ဝတ်ဆင်ကြမယ်


BTS အဖွဲ့က ကိုရီးယားအဆိုတော် Jungkook ကိုသူရဲ့အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ Timberland Yellow Boots နဲ့ဘယ်လို လန်းနေအောင်ဝတ်ဆင်ထားလဲဆိုတာတွေ့ ရမှာဖြစ်ပါတယ်။

အပေါ်မှာရှင်းပြခဲ့သလိုပဲ Timberland Yellow Boots ကိုနည်းလမ်းများစွာနဲ့ စမတ်ကျစွာဝတ်ဆင်လို့၇တယ်ဆို တာတွေ့မြင်နိုင်ပါတယ်။ Timberland Yellow Boots တင်မဟုတ်ပဲ တစ်ခြား brands တွေရဲ့ Boots တွေနဲ့ ဝတ် ဆင်ရာမှာလည်း အပေါ်မှာရှင်းပြထားတဲ့ အချက်တွေက သင့်အတွက် အထောက်အကူဖြစ်စေနိုင်မှာဖြစ် ပါတယ်။ ကျွန်တော် တို့ရှင်းပြထားတဲ့အကြံပြုချက်တွေဟာ သင့်အနေနဲ့ Timberland Yellow Boot ကိုဝတ်ဆင် ရာမှာဖြစ်ဖြစ် အသစ်အနေနဲ့ ဝယ်ယူတဲ့နေရာမှာဖြစ်ဖြစ် ယုံကြည့်မှူအပြည့်နဲ့ဝယ်ယူဝတ်ဆင်နိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ဝတ်ဆင်လိုက်ပါ။ Timberland ရဲ့ Yellow Boots တစ်စုံက သင့်ကို စမတ် ကျတဲ့ နေ့တစ်နေ့ ဖြစ်အောင်ဖန်တီးပေးပါလိမ့်မယ်။

 


Credit Photos: Medium.com, Dmarge.com, Trendspotter.net

Author: Jack Incherdchai

             Sale and Marketing Director of MK Lifestyle Co., ltd